Thursday, February 12, 2009

ပြည်ထောင်စုနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်ကျင်းပ

BDD



ယနေ့ နေ့ လည်ဆယ့် နှစ်နာရီ ပြည်ထောင်စုနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်စတင်ကျင်းပပြီး နေ့ လည် 2.30 တွင်ပြီးဆုံးသွားခဲ့ သည်။တက်ရောက်လာသူများမှနိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးကိုလက်မှတ်ရေးထိုးတောင်းဆိုခဲ့ ကြ။



နံရံကပ်တွင်လက်မှတ်များကို အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များမှလက်မှတ်စတင်ထိုးပြီး တိုင်းရင်းသားကိုယ်စားလှယ်များနှင့်
စီအာပီပီအဖွဲ့ဝင်များမှအစဉ်လိုက်လက်မှတ်ရေးထိုး ခဲ့ကြောင်း၊ ထို့ နောက်တွင်မှအဖွဲ့ဝင်များမှလက်မှတ်ရေးထိုး ။စာရွက်များပေါ်တွင်လဲလက်မှတ်ရေးထိုးကြကြောင်း။ယနေ့တရက်ထဲမဟုတ်ပဲရက်ဆက်လက်မှတ်ရေးထိုးမည်ဟုသိရ။


ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်
ရေးလှုပ်ရှားမှုကို ယနေ့မှစတင်ပြီးလူထုလူတန်းစားအသီးသီးပါဝင်နိုင်စေရန်အဖွဲ့ချုပ်လူငယ်များမှ ပုံစံအမျိုးမျိုးဖြင့်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းသတင်းရရှိသည်၊လက်မှတ်ရေးထိုးတောင်းဆိုထားသောစာရွက်များကို နိုင်ငံတကာရှိသက်ဆိုင်ရာအဖွဲ့အစည်းများသို့ဆက်လက်ပေးပို့ပြီးပြည်သူများ၏သဘောထားမှန်ကိုသိရှိစေရန်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်၊