05 May 2009
ဗိုင်းရပ်စ်မျိုးရင်း A-H1N1 အမျိုးအစား ၀က်တုပ်ကွေး ကူးစက်
မှာစိုးရိမ်လို့ သီးသန့်ခွဲခြားထားတဲ့ မက္ကဆီကိုနိုင်ငံသား အယောက်
၇၀ ကို တရုတ်နိုင်ငံ မြို့တွေကလိုက်ခေါ်ဆောင်ရအောင် မက္ကဆီကို
လေယာဉ် ဒီနေ့ တရုတ်နိုင်ငံကို ဆိုက်ရောက်သွားခဲ့ပါတယ်။
သီးခြားခွဲထုတ်ထားတဲ့ တခြားနိုင်ငံခြားသားတွေလည်း ရှိတယ်ဆိုတဲ့
သတင်းတွေဒီကနေ့ပဲ ထွက်လာခဲ့ပါတယ်။ ကနေဒါတက္ကသိုလ်ကျောင်းသား
၂၅ ယောက်ကိုလည်းတရုတ်နိုင်ငံမြောက်ပိုင်းမှာ သီတင်းတပတ်ကြာ ခွဲထား
ခဲ့ပြီး အမေရိကန်နိုင်ငံသား၂ ဦးကိုတော့ ဘေဂျင်းမြို့တော်က ဆင်ခြေဖုံး
ဟိုတယ်တခုမှာ ခွဲထားပါတယ်။
တရုတ်အစိုးရကတော့ သူတို့အနေနဲ့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်တာဟာ
အများပြည်သူ ကျန်းမာရေးအတွက် ဖြစ်တယ်လို့ ဆိုပေမယ့် တရုတ်အစိုးရရဲ့
ရောဂါမပြန့်ပွားအောင် လုပ်ဆောင်တဲ့နည်းက တရားလွန်ဖြစ်နေတယ်၊ အငြင်း
ပွားစရာရှိတယ်ဆိုပြီးမြင်ကြပါတယ်။
နေမကောင်းတဲ့လက္ခဏာ တခုမှမရှိဘဲ မက္ကဆီကို နိုင်ငံသားတွေကို သီးသန့်
ခွဲထုတ်ထားတာကြောင့် တရုတ်အစိုးရရဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ နည်းလမ်း
တွေက ခွဲခြားဆက်ဆံမှုကို ဖြစ်စေတယ်လို့ မက္ကဆီကိုသမ္မတ ဖိလစ်ပီ
ကယ်လ်ဒါရွန် (FelipeCalderon) က ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာလည်း ဒုတိယမြောက် ရောဂါကူးစက်မှုကို
အတည်ပြုလိုက်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောကြပါတယ်။
Source: VOA
No comments:
Post a Comment