Tuesday, May 5, 2009

တနှစ်ပြည့် နာဂစ်ဒေသ၏ နောက်ဆုံး အစီရင်ခံစာ

မြတ်စိုး
အင်္ဂါနေ့၊ မေလ 05 2009 13:32 - မြန်မာစံတော်ချိန်
မဇ္ဈိမ သတင်းဌာန


နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ တနှစ်တိုင်ခဲ့ပါပြီ။
မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်းတွင် ဖြစ်ပေါ်ရင်ဆိုင်နေသည့်
အခက်အခဲများကို လူမှုရေး အဖွဲ့များ၊ မြန်မာပြည်တွင် တရားဝင်
လုပ်ကိုင်နေသည့် NGO အဖွဲ့များ၊ ကုလသမဂ္ဂမှ သက်ဆိုင်ရာ အဖွဲ့များ၏
အစီရင်ခံစာများကို မကြာခဏဆိုသလို သတင်း စာမျက်နှာများတွင်
ဖတ်ရှုနေရသည်။

အစီရင်ခံစာများတွင် တူညီနေသော အချက်မှာ အစားအသောက်များ၊
ကူညီထောက်ပံ့များ လိုအပ်နေမှု၊ သောက်သုံးရေသန့် အခက်အခဲများ
ဖြစ်ပေါ်နေမှု၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေမှု၊ စိတ်ပိုင်းဆိုင်ရာနှင့် စီးပွားရေး
ပြန်လည်နာလံထူလာခြင်း မရှိသေးမှု၊ နာဂစ်ဒေသများတွင် စိုက်ထား
သော စပါး အပါအဝင် ကောက်ပဲသီးနှံများ ပျက်စီးနေမှု၊ နာဂစ်ဒေသ
အတွင်း တောင်သူလယ်သမားများ အရှုံးပေါ်ပြီး လယ်ယာမြေများ
ဆုံးရှုံးနေမှု၊ ဝင်ငွေ ရရှိနိုင်မည့် အလုပ်အကိုင်များ ရှားပါးနေမှု၊
တောင်သူလယ်သမားများ ကြွေးမြီတင်ရှိနေမှု စသည့် အချက်အလက်
များကို တူညီစွာ ဖော်ပြ အစီရင်ခံထားခဲ့ကြသည်။

Read more: http://komoethee.blogspot.com/

No comments: