30 April 2009
ဝက်တုပ်ကွေးရောဂါ အကြီးအကျယ် ပျံ့နှံ့နိုင်တဲ့ အဆင့်ကို WHOက မြှင့်တင်လိုက်ပါပြီ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် ညွှန်ကြားရေးမှူးချုပ် မာဂရက် ချမ်း က သတိပေးချက် အဆင့် ၅သို့ မြှင့်တင်လိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ဂျနီဗာမှာ ကြေညာ လိုက်ပြီး နိုင်ငံ အားလုံး အဲဒီ နှုန်းထားနဲ့ ပြင်ဆင်ထားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ပထ၀ီ ဒေသတလျှောက် ကျယ်ပြန့်စွာ လူတွေ အကြား လူဦးရေ မြင့်မားစွာ ကူစက်နိုင်တယ်လို့ WHOက ဆိုပါတယ်။ မက္ကဆီကို နိုင်ငံမှာ ၀က်တုပ်ကွေးရောဂါကြောင့် လူ ၁၅၉ယောက် သေဆုံးပြီး လူ ၂၅၀၀ယောက်လောက် ၀က်တုပ်ကွေး ရောဂါ ဖြစ်နေကြပါတယ်။
အမေရိကန် နိုင်ငံမှာ ပြည်နယ် ၁၀ခုမှာ ၀က်တုပ်ကွေး ရောဂါ ဖြစ်သူ ၉၁ယောက် ရှိကြောင်း ရောဂါ ထိန်းချုပ်ရေး နဲ့ ကာကွယ်ရေး ဌာနက ကြေညာပြီး မိန်း ပြည်နယ်က လာတဲ့ သတင်းတရပ်က ရောဂါဖြစ်သူ ၃ယောက် တွေ့ရှိလို့ အခုအခါ ပြည်နယ် ၁၁ခုမှာ ရောဂါဖြစ်သူ ၉၄ယောက်ရှိသွားပါပြီ။ အသက် ၂၃ လသား တယောက်ကတော့ ၀က်တုပ်ကွေး ရောဂါနဲ့ တက္ကဆက် ပြည်နယ်မှာ သေဆုံး သွားပါပြီ။ ၀က်တုပ်ကွေး ရောဂါ ဖြစ်နေကြတဲ့ထဲမှာ သြစတီးလျ၊ ဗြိတန်၊ ကနေဒါ၊ ကိုစတာရီကာ၊ ဂျာမနီ၊ အစ္စရေး၊ စပိန်နဲ့ နယူဇီလန် နိုင်ငံတို့ ပါဝင်ပါတယ်။ သြစတေးလျ၊ ကိုလံဘီယာ၊ ပြင်သစ်၊ ဒိန်းမတ်နဲ့ တောင်ကိုရီးယား နိုင်ငံတွေမှာတော့ ဖျားနေကြလို့ ၀က်တုပ်ကွေး ဟုတ် မဟုတ် စူးစမ်းနေဆဲ ဖြစ်ပါတယ်။ ၀က်တုပ်ကွေး ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေးကို အတက်နိုင်ဆုံး ကြိုးစားနေပါတယ်လို့ သမ္မတ အိုဘားမားက ကြေညာပါတယ်။
Source: VOA
No comments:
Post a Comment