
27 April 2009
အမေရိကန် ပြည်ထောင်စုနဲ့ မက္ကဆီကို နိုင်ငံတွေမှာ ၀က်တွေမှာ တွေ့ရ
တတ်တဲ့ ဗိုင်းရပ်စ်ပိုးတမျိုးကနေ Swine Flu တုပ်ကွေး ဖြစ်ပွားတာတွေ
လူတွေမှာ စမ်းသပ်တွေ့ရှိရပြီးတဲ့နောက် ဒီရောဂါကူးစက်မှုတွေ ရှိလာမှာ
စိုးရိမ်တဲ့အကြောင်း WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောဆိုလိုက်
ပါတယ်။ အခုဆိုရင် ကနေဒါနိုင်ငံမှာလည်း နောက်ထပ် ရောဂါဖြစ်ပွား
တာတွေ စမ်းသပ်တွေ့နေရတယ်လို့ ပြောပါတယ်။ အမေရိကန်
ပြည်ထောင်စုမှာတော့ ပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေအနေ
ကြေညာပြီး ဒီ ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် ဗဟိုအစိုးရအနေနဲ့
ပြည်နယ်တွေအတွက် လိုအပ်တာတွေ အသုံးပြုပြီး အရှိန်မြှင့် ဆောင်ရွက်
မယ်လို့ သမ္မတအိုဘားမားရဲ့ အစိုးရအဖွဲ့က ပြောဆိုထားပါတယ်။
Source: VOA
Photo: Xinhua
http://www.voanews.com/burmese/2009-04-27-voa2.cfm
No comments:
Post a Comment