
http://yamuna-clinic-delhi.blogspot.com/
၂၀၀၉ ခုနှစ်အတွင်း လူများသို့ကူးစက်နေသည့်
ဝက်တုပ်ကွေးသည် influenza A virus တုပ်ကွေးဗိုင်းရပ်စ် အေ
အမျိုးအစားမှ အမျိုးအစားခွဲ subtype H1N1 ဖြစ်သည်။
၂၈-၄-၀၉ အိန္ဒိယအချိန် နံနက်ပိုင်းအထိ မက်ဆီကိုတွင် ၁၄၉ ယောက်
သေဆုံးပြီး၊ အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ် ၅ ခုတွင် ဖြစ်ပွါးနေရာ၊
NYC School ကျောင်းတခုမှာပင် ၄၅ ယောက်၊ စပိန်တွင် ၁ ယောက်၊
အင်္ဂလန်တွင် ၂ ယောက်ဖြစ်နေပြီး၊ ကနေဒါ၊ နယူးဇီလန်တွင် သံသယ
ရှိသူများ တွေ့နေရသည်။
အမေရိကန်တွင် ပြည်သူ့ကျန်းမာရေးအရေးပေါ် အဖြစ် ကြေညာလိုက်ပြီ။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးခြင်းအဆင့် (၄)အထိ တိုးမြှင့်
လိုက်ပြီ။ တကမ္ဘာလုံးဖြစ်မည့် ကပ်ရောဂါသတိပေးခြင်းအဆင့် (၆)
pandemic alert level မဖြစ်ဟု မပြောနိုင်။
ရောဂါလက္ခဏာများ
တုတ်ကွေးရောဂါအတိုင်းဖြစ်ရာ ဖျား၊ လည်ချောင်းနာ၊ ကိုက်ခဲ၊
ချောင်းဆိုး၊ ချမ်း၊ ၀မ်းပျက်၊ ပျို့-အန်၊ အစားပျက်၊ အားယုတ်ခြင်း
တို့ ဖြစ်သည်။
ကာကွယ်ရန်
အခြားဖြစ်နေကျ တုပ်ကွေးရောဂါအား ကာကွယ်သည့်အတိုင်းလုပ်
ရမည်။
လက်ကို ဆပ်ပြာဖြင့် မကြာမကြာဆေးပါ၊
ဖြစ်နိုင်လျင် အပြင်မှပြန်လာပြီးလျင် အရက်ပြန်သုံးပါ၊
မိမိ၏ ပါးစပ်၊ နှာခေါင်း၊ မျက်စိတို့အား ထိကိုင်ခြင်းကို တတ်နိုင်သ၍
ရှောင်ကျဉ်ပါ။
ချောင်းဆိုးလျင်၊ နှာခြေလျင် တစ်ရှူး-လက်ကိုင်ပုဝါသုံးပါ။ သုံးပြီးသား
ကို စနစ်တကျစွန့်ပြစ်ပါ။
လူများသည့်နေရာများကို ရှောင်ပါ၊ နှာခေါင်းစီးသုံးပါ။
ကိုယ်ပူလျင် ဆရာဝန်ပြပါ။
ရောဂါဖြစ်နေသည့်နိုင်ငံများသို့ ခရီးသွားခြင်းရှောင်ပါ။
ကုသရန်
Tamiflu (oseltamivir) or Relenza (zanamivir) တို့အား စောစီးစွာ
ပေးပါက ရောဂါကို မြန်မြန် သက်သာစေသည်။ ယခုဖြစ်နေသည့်
ဝက်တုပ်ကွေးသည် amantadine and rimantadine ဆေးများကို
ခံနိုင်ရည်ရှိနေကြောင်း တွေ့ရှိရသည်။ ကာကွယ်ဆေးမရှိသေး၊ နောက်ထပ်
(၆)လကြာဦးမည်။ ထို့ကြောင့် ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။
အိန္ဒိယတွင်လည်း နိုင်ငံတကာလေဆပ်၊ သင်္ဘောဆိပ်များသို့ မက်ဆီကို၊
အမေရိကန်ပြည်ထောင်စု၊ ကနေဒါ ဗြိတိန်၊ နယူးဇီလန်၊ ပြင်သစ်၊ စပိန်တို့မှ
လာရောက်သူတိုင်းအား စစ်ဆေးမည်ဟု ကြေညာထားသည်။
Source: Dr Tint Swe
No comments:
Post a Comment