Friday, April 3, 2009

G-20 ညီလာခံ ပြီးဆုံး၊ ဆင်းရဲနိုင်ငံများ အကူအညီပိုရမည်

03 April 2009



မကြာသေးခင်က ကျင်းပပြီးစီးသွားတဲ့ G-20 ထိပ်သီးစည်းဝေးပွဲက ကမ္ဘာ့စီးပွားရေး
ပြန်လည်ရှင်သန်လာရေး၊ ဆင်းရဲနိုင်ငံများသို့ ကူညီမှု တိုးမြှင့်ရေး၊ ငွေကြေးစနစ်
စည်းမျဉ်းများ တင်းကျပ်ရေးအပေါ် သဘောတူညီကြလို့ အပြောင်းအလဲ မှတ်တိုင်
တရပ်ပဲလို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က
ခေါ်ဆိုလိုက်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံကြီးများနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများက ခေါင်းဆောင်တွေဟာ
ရိုးရိုးသားသား သဘောကွဲလွဲမှုများကို ကျော်လွှားကြပြီး စီးပွားရေး ရှင်သန်ကြီး
ထွားလာရေး၊ အလုပ်အကိုင် ဖန်တီးရေး၊ အခက်အခဲ ကြုံနေတဲ့ နိုင်ငံများသို့
ငွေချေးရေး သဘောတူညီခဲ့ကြပါတယ်။

နိုင်ငံတကာ ငွေချေးမှုအတွက် ဒေါ်လာ ဘီယီလံ ၁,၁၀၀ တိုးဖို့၊ ကမ္ဘာ့ကုန်သွယ်ရေး
တိုးမြှင့်ဖို့လည်း သဘောတူခဲ့ကြကြောင်း ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း
(Gordon Brown) က ထုတ်ဖော်ပြောဆိုပါတယ်။

စုပေါင်းရင်းနှီးမြှုပ်နှံမှု သီးသန့်ရန်ပုံငွေ၊ ဘဏ်အရာရှိကြီးများရဲ့ လစာ၊
ချေးငွေနှုန်းထား လုပ်ငန်းများ၊ လက်လွတ်စပယ် လုပ်နေကြတဲ့ ဘဏ်များ
စတာတွေအပေါ် အတိအကျ ကန့်သတ်ရေး အစီအစဉ် တရပ်လည်း စည်းဝေးပွဲက
ချမှတ်လိုက်ပြီး ချမ်းသာကြွယ်ဝသူများ အခွန်မဆောင်ဘဲ ရှောင်နေမှု၊ ကမ္ဘာ့ငွေကြေး
စနစ်တို့ကို စောင့်ကြည့်မယ့်အဖွဲ့များ ထားရှိဖို့လည်း G-20 ထိပ်သီးစည်းဝေးပွဲက
သဘောတူလိုက်ကြပါတယ်။

Source: VOA
Photo: Bangkok Post

No comments: