Friday, April 3, 2009

မလေးရှားမှာ ၀န်ကြီးချုပ် အပြောင်းအလဲဖြစ်

02 April 2009

မလေးရှား ဒု-၀န်ကြီးချုပ် နာဂျစ်ဘ် ရာဇတ်ခ် (Najib Razak) ဟာ မနက်ဖြန်
ဝန်ကြီးချုပ်ရာထူးအတွက် ကျမ်းသစ္စာကျိန်ဆိုတော့မှာမို့ ၀န်ကြီးချုပ်
အဗ္ဗဒူလာ အာမက် ဘာဒါဝီ (Abdullah Ahmad Badawi) ဒီနေ့ ရာထူးက
နုတ်ထွက်လိုက်ပါပြီ။

မစ္စတာဘာဒါဝီက သူ့ရဲ့နုတ်ထွက်လွှာကို ဒီနေ့ မလေးရှားဘုရင်ထံ တင်သွင်း
လိုက်တာ ဖြစ်ပါတယ်။ မလေးရှားဘုရင်နဲ့ တနာရီနီးပါးကြာ တွေ့ဆုံခဲ့ပြီး
နန်းတော်ကအထွက် သတင်းထောက်တွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်ခဲ့ပါ
တယ်။


မလေးရှားဝန်ကြီးချုပ်သစ် ဖြစ်လာတော့မည့်
နာဂျစ်ဘ်ရာဇတ်ခ်။
မတ် ၂၄၊ ၂၀၀၉။

မစ္စတာနာဂျစ်ဘ်ကလည်း သူ့အနေနဲ့ လူထုရဲ့ ယုံကြည်အားထားမှုကို
ထိန်းထားနိုင်ဖို့အတွက် ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ရမယ်ဆိုတာ
သူ သဘောပေါက် နားလည်တဲ့အကြောင်း မနေ့က ပြောဆိုလိုက်ပါတယ်။

မလေးရှားနိုင်ငံမှာ သြဇာတိက္ကမ ကြီးမားလှတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း
ဒေါက်တာ မဟာသီယာ မိုဟာမက် (Mahathir Mohamad) က
မစ္စတာနာဂျစ်ဘ်ဟာ သူ့ရဲ့ လက်ရင်းတပည့်ဖြစ်တာမို့ မစ္စတာဘာဒါဝီထက်ပိုပြီး
နိုင်ငံကို အုပ်ချုပ်နိုင်ပါလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

Source: VOA

No comments: