VOA

Sudanese President Omar al-Bashir
ဆူဒန်သမ္မတ အိုမာ အယ် ဘရှား ကို အိုင်စီစီ နိုင်ငံတကာ ခုံရုံးကနေ ဖမ်းဝရမ်းထုတ်ပြန်ခဲ့တဲ့အတွက် ဆူဒန် နိုင်ငံမှာရှိတဲ့ သူပုန်အဖွဲ့တွေရော တခြားပါတီတွေကပါ ရမ်းကားမှုမရှိဘဲ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ အမေရိကန် နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။ လေလံဖြတ်ဆီးဖို့ ကြိုးပမ်းကြသူတိုင်း ကိုယ့်ကိုကိုယ် တာဝန်ခံဖို့အတွက် လိုအပ်ပါတယ်လို့ အမေရိကန် နိုင်ငံက ယုံကြည်ကြောင်း ဗုဒ္ဓဟူးနေ့က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက် တစောင်ထုတ်ပြန်ခဲ့တယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ဂေါ်ဒန် ဒူးဂွတ် က ပြောပါတယ်။ တကယ်လို့ ဆူဒန် သမ္မတ အနေနဲ့ သူ့ကို မဟုတ်မမှန်ဘဲ တရားစွဲဆိုတာလို့ ယုံကြည်ခဲ့ရင် တရားရုံးမှာ ရင်ဆိုင်နိုင်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရင် ကလင်တန် က ပြောပါတယ်။
ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ အဲရက် ရှာဗလင် ကလည်း နိုင်ငံတကာ တရားရုံးကို ဆူဒန်ကနေ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့ အာဖရိက သမဂ္ဂ အေယူ ဥက္ကဌ ရုံပင်း ကတော့ ဆူဒန် နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ နဂို ကတည်းက ပြိုကွဲ ဖျက်ဆီးလွယ် ဖြစ်နေတဲ့အချိန်မို့ သူ စိုးရိမ်မိတယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ ဒီ ဖမ်းဝရမ်းကြောင့် ဆူဒန်နိုင်ငံရဲ့ အခြေအနေဟာပိုပြီး မငြိမ်မသက်ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
Source: VOA