မကြာခင်က အကျယ်ချုပ်မှပြန်လွတ်လာသူ အာဏာရှင်ဦးနေ၀င်း၏ သမီး ဒေါက်တာဒေါ်ခင်စန္ဒာဝင်းအား နိုင်ငံခြားမှာနေသည့် မောင်ဖြစ်သူ ဦးဖြိုးေ၀၀င်း မကြာခင်က ရန်ကုန်သို့ လာရောက်တွေ့ဆုံသွားသည်ဟု ဦးဖြိုးေ၀၀င်းနှင့် နီးစပ်သူများက ပြောသည်။
ဂျာမနီနိုင်ငံတွင်နေထိုင်သည့် ဦးနေ၀င်း၏သား ဦးဖြိုးေ၀၀င်း ရန်ကုန်သို့ ရောက်လာသော်လည်း အစ်မဖြစ်သူ ဒေါက်တာဒေါ်ခင်စန္ဒာ
ဝင်းအား ချက်ချင်းတွေ့ခွင့်မရပေ။ အစ်မနှင့်တွေခွင့်ရရန် အာဏာပိုင်များထံ ခွင့်ပြုချက် တောင်းခံပြီးမှ တွေ့ရသည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။
ဒေါက်တာ ဒေါ်ခင်စန္ဒာဝင်းအား အကျယ်ချုပ်မှ လွှတ်ပေးသည့်တိုင် သူတွေ့ချင်သူများကို စစ်အစိုးရက လွတ်လွတ်လပ်လပ် တွေ့ခွင့်မပေးဘဲ ထိန်းချုပ်ထားသည့်သဘောဟု ဒေါက်တာ ဒေါ်ခင်စန္ဒာဝင်း၏ မိတ်ဆွေများက ယူဆသည်။
Source: NEJ
No comments:
Post a Comment