Saturday, March 14, 2009

နော်ဝေရင်းနှီးမြှုပ်နှံမှု မြန်မာကြောင့် ရပ်ဆိုင်း

14 March 2009


တရုတ်နိုင်ငံ ဒန်ဖွန်း မော်တော်ကားကုမ္ပဏီကြီးက စစ်တပ်အုပ်စိုးနေတဲ့ မြန်မာ
နိုင်ငံကို စစ်တပ်သုံးမော်တော်ယာဉ်များ ရောင်းချတဲ့အတွက် နော်ဝေနိုင်ငံက
အဲဒီ တရုတ်မော်တော်ကား ကုမ္ပဏီမှာ ငွေရင်းနှီးမြှုပ်နှံထားတာကို ရပ်လိုက်ပါပြီ။
နော်ဝေ ရေနံနဲ့ ဓါတ်ငွေ့က ရတဲ့ငွေများကို အဲဒီတရုတ် ဒန်ဖွန်း မော်တော်ကား
ထုတ်လုပ်တဲ့ ကုမ္ပဏီမှာ ငွေရင်းနှီးမြှုပ်နှံ ထားတာဖြစ်ပြီး စစ်ဖက်သုံး မော်တော်
ယာဉ်များ ရောင်းချခြင်းအားဖြင့် မြန်မာစစ်အာဏာရှင်စနစ်ကို အထောက်အကူ
ပြုနေတဲ့ ကုမ္ပဏီကို နော်ဝေနိုင်ငံက ငွေကြေးမပတ်သက်နိုင်ဘူးလို့ နော်ဝေ
အစိုးရ ဘဏ္ဍာရေးဝန်ကြီး ခရစ်စတန် ဟာဗွန်ဆင်းန် က သောကြာနေ့မှာ
ကြေညာပါတယ်။

နော်ဝေနိုင်ငံအနေနဲ့ ရေနံနဲ့ ဓါတ်ငွေ့ကရတဲ့ အစိုးရပင်စင် ကမ္ဘာ့ရန်ပုံငွေ လို့
တရားဝင် အမည်ပေးထားတဲ့ ငွေတွေနဲ့ နိုင်ငံခြား စတော့များ၊ ငွေချေးစာအုပ်များ
ဝယ်ယူမြှုပ်နှံနေတာဖြစ်ပြီး တနေ့နေ့တချိန်ချိန် နော်ဝေနိုင်ငံမှာ ရေနံနဲ့ သဘာဝ
ဓါတ်ငွေ့များ ခန်းခြောက်သွားရင် သုံးစွဲမယ့် အရံ ငွေပင်ငွေရင်းများဖြစ်ပါတယ်။

အခုအခါ အဲဒီရန်ပုံငွေ ဒေါ်လာ ၃ ဘီလီယံ တန်ဘိုးရှိပြီး နော်ဝေနိုင်ငံကလည်း
လောလောဆယ် ရေနံနဲ့ သဘာဝဓါတ်ငွေ့များ နိုင်ငံခြားတိုင်းပြည်များကို
တင်ပို့ရောင်းချနေတဲ့နိုင်ငံ ဖြစ်ပါတယ်။

Source: VOA

No comments: