

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် “ဆရာကြီးမင်းသုဝဏ် (၁၉၀၉-၂၀၀၉) နှစ်တရာပြည့် အထိမ်းအမှတ် စာဖတ်ဝိုင်း”ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် ၅-၂-၀၉ ယနေ့က ကျင်းပပြုလုပ်ခဲ့ရာ သဘာပတိအဖြစ် ဒေါက်တာသန်းငြိမ်းမှ ဆောင်ရွက်ပြီး အဖွဲ့ချုပ်ခေါင်းဆောင်များဖြစ်ကြသော ဦးအုံးကြိုင်နှင့် ဖျာပုံနီလုံဦးတို့မှ “ကျွန်တော်သိသောမင်းသုဝဏ်” ခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေးခဲ့ကြကာ၊ တိုင်းလူငယ် အကူအညီပေးရေးအဖွဲ့ဝင် ကိုအေးနိုင်မှ ဆရာကြီး၏ ဘ၀ဖြစ်စဉ်အား ဖတ်ကြားခဲ့ပြီး၊ အဖွဲ့ချုပ် လူငယ်များမှ ဆရာကြီးရေးခဲ့သော ကဗျာများကို ဖတ်ကြား-ဂုဏ်ပြုခဲ့ကြသည်။ အခန်းအနားကို လူငယ်-လူကြီး ၆၀ ခန့် တက်ရောက်ခဲ့ကြပြီး၊ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြသည်။
Source: NLD LA Information