23 October 2009
အာဆီယံ အဖွဲ့ကြီးဟာ ဒေသတွင်း ပြည်သူတွေရဲ့ ပါဝင်ခွင့်ကို မြှင့်တင်ပြီး ပြည်သူကို ဗဟိုပြုတဲ့ အဖွဲ့အစည်းတခု ဖြစ်အောင် ကြိုးစားသွားမယ်လို့ (၁၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကြီးမှာ ထိုင်း ၀န်ကြီးချုပ်နဲ့ အာဆီယံ ခေါင်းဆောင်တွေက ပြောဆိုပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံအပါအ၀င် အာဆီယံ အဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံက ခေါင်းဆောင်တွေက Civil Society ခေါ် လူထုအခြေပြု လူ့အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေကို တွေ့ဆုံဖို့ ငြင်းပယ်လိုက်ပါတယ်။ အသေးစိတ်ကို ထိုင်းနိုင်ငံကနေ ကိုသိန်းထိုက်ဦး သတင်းပေးပို့ထားပါတယ်။
Read more: http://www.voanews.com/burmese/2009-10-23-voa2.cfm
No comments:
Post a Comment