၁၉၈၈မှာကျွန်တော်တို့တောခိုခဲ့ရတာ၊အခုတာဝန်ရှိနေသူတွေအကျဉ်းထောင်တွေထဲရောက်ခဲ့ရတာတွေကိုပြန်ကြည့်ရင်နိုင်ငံရေးအယူအဆမတူလို့ကြုံ ခဲ့ရတဲ့ဘေးထွက်ဆိုးကျိုးတွေပါ။ကျွန်တော်တို့အာဏာရှင်ကိုတိုက်ခဲ့ကြတဲ့သူတွေအားလုံးတိုင်းပြည်ကောင်းစေချင်လို့ကိုယ်တတ်နိုင်တဲ့ဖက်ကနေလုပ်ကြတဲ့သူတွေလို့ပဲယုံပါတယ်။
အခုကိစ္စမှာဘယ်သူမှန်တယ်မှားတယ်မဝေဖန်လိုပါ ဝေဖန်စရာလည်းအကြောင်းမရှိပါ။တာဝန်ရှိသူ ဖက်ကကြည့်ရင်လွန်တယ်လို့ပြောလို့ရကောင်းရနိုင်ပါတယ်၊ လွတ်လပ်စွာရေးသားခွင့်ကိုလွဲမှားစွာအသုံးချတာကြောင့်တုန့်ပြန်တာလို့ကောက်ချက်ဆွဲကောင်းဆွဲနိုင်ပါတယ်။
သမ္မတဟောင်းဦးသိန်းစိန်လက်ထက်ဗိုလ်ချုပ်ကြီးဟောင်းဗိုလ်ချုပ်ဟောင်းများကို ဒီဆရာနဲ့သူ့သတင်းစာကပက်ပက်စက်စက်ဝေဖန်သလိုနဲ့အခြေအမြစ်မဲ့စွပ်စွဲ ဖူးပါတယ်၊ဇာတ်လမ်းကြောရိုးအမှန်အပေါ်မှာကောလဟလတစ်ဝက်၊စွပ်စွဲမှုတစ်ဝက်ရောမွှေထားတဲ့သတင်းတွေရေးခဲ့တာပါ၊အဲ့ဒီအချိန်က MPC ဆိုတာ အရက်ဆိုင်အဝကခွေးတစ်ကောင်လိုအဝင်တစ်ချက် အထွက်တစ်ချက်ကန်လို့ရတဲ့သတ္တဝါလို့သဘောထားခဲ့လားမသိပါ၊ယခုလက်ရှိဩဇာရှိ သူ အမတ်မင်းဟောင်းကတောင်အရင်လွှတ်တော်မှာတစ်ပူးကိုကိုးကားရတဲ့အထိ။
နိုင်ငံရေးတက်ကြွသူအတော်များများယူဆတာက စစ်အာဏာရှင်တစ်ဖြစ်လဲစစ်တစ်ပိုင်းအစိုးရဆိုတော့၊အာဏာရှင်ဆန်ဆန်မလုပ်သင့်ပေဘူးလား၊အာဏာရှင်ပုဆိုးဝတ်အစိုးရပဲ၊ရက်စက်ယုတ်မာရိုင်းစိုင်းတဲ့သူတွေလေ၊ဘာကြောင့်ဥပဒေကိုခုတုံး မလုပ်ခဲ့တာလည်းဆိုတာမေးခွန်းတစ်ခုပါ။
ကျွန်တော်တို့ငြိမ်းချမ်းရေးအတွက်နိုင်ငံခြားမှာမတောက်တစ်ခေါက်သင်ဖူးတဲ့ကျောင်းစာရယ်၊ဖြတ်သန်းခဲ့ဖူးတဲ့နိုင်ငံရေးအတွေအကြုံတွေရယ်၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ဆယ်စုနှစ် နှစ်စုကျော်ရင်းနှီးမှုရယ်ကနှစ်၆၀ကျော်ပြည်တွင်းစစ်ကိုရပ်ဖို့ဆန္ဒရှိနေတဲ့အစိုးရနဲ့တိုင်းရင်းသားတွေအကြားပေါင်းကူးတံတားတစ်ခုဖြစ်နိုင်မလားဆိုတဲ့မျှော်လင့်ချက်ပဲရှိဖူးတာပါ။
အကယ်၍ဗိုလ်ချုပ်ဟောင်းများမသိသေးရင်သိစေလိုတဲ့တိုင်းရင်းသားနိုင်ငံရေး၊သူတို့ရဲ့ခံစားချက်တွေကိုရှင်းပြခဲ့ရသလို တဖက်ကတိုင်းရင်းသားတွေနားမလည်းသေးတာကိုစဉ်းစားနိုင်အောင်ဆက်သွယ်ပေးရတာပါ။သူတို့ဘာကြောင့်လက်နက်ကိုင်ခဲ့တယ်ဆိုတာကိုနောက်ရှုထောင့်ကရှင်းပြဖို့အခွင့်အလမ်းရခဲ့ပါတယ်။
ဒါပေမဲ့ မီဒီယာနဲ့အတိုက်အခံအသိုင်းအဝိုင်းမှာရှိတဲ့ပုံဖော်ခံရမှုကလက်တွေ့နဲ့တော်တော်ကွာဟမှုရှိသလိုဆန့် ကျင်ဖက်ဖြစ်လာပါတယ်၊ဝန်ကြီးဦးအောင်မင်းနဲ့ကျွန်တော်တို့လုပ်ဖော်ကိုင်ဖက်တွေလည်းလူတွေဆိုတော့စိတ်ဆိုးတတ်ပါတယ်၊သူခိုးတွေ လူလိမ်တွေ၊ငြိမ်းချမ်းရေးဘမ်းပြပြီထောက်လှန်းရေးလုပ်နေကြောင်း... လူပုဂ္ဂိုလ်ထက်အစိုးရရဲ့အသွင်ကူးပြောင်းရေးကိုထိုးနှက်ခဲ့ကြတယ်ဆိုရင်မလွန်ပါ။
ဦးအောင်မင်းအနေနဲ့ အဲ့ဒီမီဒီယာကိုတရားစွဲသလား၊အမျိုးသားလုံခြုံရေးကိုတစ်နည်းတစ်ဖုံချိန်းခြောက်နေတယ်လို့ယူဆချင်ရင်ယူဆနိုင်ပါတယ်၊ဘာကြောင့်လည်းဆိုတော့အစိုးရလက်ထဲအာဏာရှိနေလို့ပါ။ သို့သော်တရားမစွဲခဲ့ပါ။မချိန်းခြောက်ခဲ့ပါ။
ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာကြုံတွေ့ရမဲ့စိန်ခေါ်မှုတွေလို့သတ်မှတ်ခဲ့လို့ပါ။ကျွန်တော်ပုဂ္ဂိုလ်ရေးအရဒီသမ္မတနဲ့သူ့ဝန်ကြီးတွေဟုတ်ကောဟုတ်သေးရဲ့လားလို့အခါခါတွေးမိဖူးပါတယ်၊ကျွန်တော်နယ်စပ်က ကြားခဲ့တာတွေနဲ့တစ်ခြားဆီဖြစ်နေလို့ပဲ။
ကျွန်တော်တို့ တောပြန်(ဒီမိုကရေစီရေးအတွက်တစ်လှေထဲစီးလာတဲ့သူ)တွေကိုယုံရပါ့မလားလို့ အနှီးမီဒီယာ ဆောင်းပါးပါအချက်အလက်များ ကိုးကားပြီးလွှတ်တော်မှာမေးတဲ့အမတ်မင်းကလွန်ခဲ့တဲ့၂၈နှစ်ကသွားအတူလာအတူနေခဲ့တဲ့သူ၊ကျွန်တော်တို့ကိုကာကွယ်ပေးသူကနှစ် ၂၀ကျော်ရန်သူအဖြစ်တစ်ဦးနဲ့တစ်ဦးသတ်မှတ်ခဲ့သူ။
ဒါပေမဲ့ ဝန်ကြီးဦးအောင်းမင်းနဲ့တောပြန်များရဲ့တူညီတဲ့သဘောထားကရနိုင်မဲ့ငြိမ်းချမ်းရေးအုပ်မြစ်တည်ဆောက်ဖို့ အကောင်းဆုံးအခြေအနေ window of opportunity ကိုလက်မလွှတ်ရေးပါ။ စိတ်ထင်ရာရေးတဲ့ဂျာနယ်တွေကိုနေ့စဉ် တရားထိုင်စွဲ၊ဖမ်းထောင်ချနေလို့အချိန်သာကုန်သွားမယ်၊ဒီဖက်ကိုတား ဟိုဖက်ရေးကြမှာပါ၊ အဲ့ဒီလိုရေးနေတဲ့ဆရာများကိုအပြင်မှာတွေ့ရင်ပြုံးပြရသေးတယ်၊မဟုတ်တာတွေထပ်ရေးမှာကြောက်လို့။
ကျွန်တော်ပြောချင်တာကနှစ်ဖက်စလုံးတွေ့ဆုံနိုင်မဲ့အခြေအနေတစ်ရပ်ရဖို့ ဖန်တီးနိုင်ဖို့လိုပါတယ်။ကြားကညှိနှိုင်းပေးဖို့လိုပါတယ်၊နှစ် ၆၀ကျော်ရန်သူတွေတောင်ညီရင်းအကိုလိုဖြစ်လာတာပဲမဟုတ်လား။ ဒီပြဿ နာရဲ့အခြေခံဟာနိုင်ငံရေးအမြင်ကွာဟမှုဖြစ်နေလို့ပါ။ မျှော်လင့်ချက်ကြီးလွန်းတဲ့ပြည်သူတွေကိုခင်ဗျားတို့ထင်သလိုမဟုတ်ကြောင်းကို တင်ပြပုံလွဲမှားတယ်လို့မှတ်ယူပါတယ်။ကျွန်တော်လည်းဦးဖြိုးမင်းသိန်းနေရာမှာဆိုသူထက်ပိုစိတ်တိုမိမှာပါ။
အစိုးရသစ်အနေနဲ့အချို့ကိစ္စတွေမှာသတိကြီးကြီးထားနိုင်ဖို့အရေးကြီးပါတယ်၊ဝေဖန်တာလုံးဝလက်မခံဘူးဆိုရင်ရေရှည်အတွက်မကောင်းနိုင်ပါ။ဒီမိုကရေစီကိုအုပ်မြစ်ချရမဲ့တာဝန်ရှိသူတွေပါ။ အာဏာရှင်ဓလေ့ကိုပြန်လည်အသက်မသွင်းမိဖို့ပဲ။မနှစ်ကဒီကိစ္စဖြစ်ခဲ့ရင်စွပ်စွဲသူတွေဟာတစ်ခါတည်းနိုင်ငံရေသေသွားနိုင်ပါတယ်၊ဘာကြောင့်လည်းဆိုတော့ ပျားရည်ဆမ်းကာလ honeymoon period ကြောင့်ပါ။
ဒီကနေ့အခြေအနေကအစိုးရတစ်ရပ်အနေနဲ့ အမှတ်ပေးပွဲထဲရောက်နေတဲ့ဘောလုံးအသင်းလို ပြည်သူကမျှတစွာအားပေးကြမှာပါ။ နိုင်ငံရေးပြဿ နာကိုနိုင်ငံရေးရှုထောင့်ကချည်းကပ်စေချင်လို့ပါ။
No comments:
Post a Comment