ဒေါ်အောင်ဆန်းစုကြည်က
ယနေ့ကျရောက်တဲ့ ကမ္ဘာ့ဒီမိုကရေစီနေ့အခမ်းအနားကို ရန်ကုန်မြို့၊
အင်န်အယ်ဒီဌာနချူပ်မှာ နံနက်ခင်းက ကျင်းပခဲ့ပါတယ်။ ဒီမိုကရေစီနေ့တွေ၊
ဒီမိုကရေစီစိတ်ဓာတ်တွေကို နေ့စဉ် ကိုယ်တိုင် မွေးမြူ
ကျင့်ကြံနေကြဖို့ပဲ လိုတယ်လို့ ဒေါ်စုကပြောလိုက်ပါတယ်။
ဒီမိုကရေစီတော်လှန်ရေးဟာ
စိတ်ဓာတ်တော်လှန်ရေးက အဓိကကျတယ်လို့ ဆိုလိုက်ပါတယ်။
ဒီမိုကရေစီစနစ်ဆိုတာ မျှတတဲ့ စနစ်၊ အာမခံချက်၊ ငြိမ်းချမ်းရေးနဲ့
မေတ္တာတရားရှိတဲ့၊ တိုင်းပြည်နဲ့ ပြည်သူကို မထိခိုက်တဲ့
အစိုးရအပြောင်းအလဲဖြစ်နိုင်တဲ့  စနစ်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေကို ရောက်နေတဲ့ အချိန်မှာ အားလုံးက
အဆင်သင့်ရှိကြဖို့၊ ပြင်ဆင်ထားကြဖို့ လိုတယ်လို့ ဒေါ်စုက ထပ်မံအတည်ပြု
ပြောဆိုလိုက်ပါတယ်။
ဒေါ်စုက
သူမရဲ့ အင်န်အယ်ဒီပါတီနဲ့ မဟာမိတ်တွေနဲ့အတူတူ ဖြတ်သန်းမှုတွေအပေါ်မှာ
ရပ်တည်ပြီး ပြောဆိုတဲ့ မိန့်ခွန်းဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
No comments:
Post a Comment