Sunday, July 10, 2011

KIA ရှေ့တန်းဌာနချုပ်ကို မြန်မာအစိုးရတပ်က လက်နက်ကြီးနဲ့ပစ်ခတ်

By မသင်းသီရိ


ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ရဲ့ ရှေ့တန်းဗဟိုဌာနချုပ်နေရာကို အစိုးရ စစ်တပ်ဘက်က ဒီကနေ့ ညနေပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အခု အစိုးရ စစ်တပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးတွေဟာ KIA ဗဟိုဌာနချုပ် စခန်းအတွင်းထဲ ကျလာတာမရှိဘဲ တဖက် တရုတ်နယ်စပ်ထဲကိုသာ ကျရောက်ပေါက်ကွဲတာတွေ ဖြစ်ခဲ့တယ်လို့ KIA အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ကချင်ပြည်နယ်တွင်းက နောက်ဆုံးအခြေအနေကို မသင်းသီရိက တင်ပြထားပါတယ်။

Source: VOA Burmese

No comments: