20 October 2009
မကြာသေးခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့နဲ့ တွေ့ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ်၊ အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ဒီမိုကရက်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) ကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတဲ့ အတိုက်အခံ ခေါင်းဆောင်တွေ မနေ့က ၀ါရှင်တန်ဒီစီမှာ တွေ့ဆုံခဲ့ပါတယ်။
အခုလို မစ္စတာဂျင်မ်ဝက်ဘ်နဲ့ တွေ့ဆုံခဲ့ကြတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်နဲ့ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ၀န်ကြီးတဦးဖြစ်သူ ဦးဘိုလှတင့်တို့ကို ဗွီအိုအေ ၀ိုင်းတော်သား ကိုရော်နီညိမ်းက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်ရေးအတွက် အရေးပါဆုံး ကိစ္စဟာ ဘယ်ကိစ္စလို့ မစ္စတာဂျင်မ်ဝက်ဘ်က ယုံကြည်ထားပါသလဲလို့ မေးမြန်းတော့ ဦးမောင်မောင်က အခုလို စပြီး ပြောပါတယ်။
Read more: http://www.voanews.com/burmese/2009-10-20-voa10.cfm
No comments:
Post a Comment