Friday, 15 May 2009
အေးလဲ့
စစ်အစိုးရက ဒေါ်အောင်ဆန်း စုကြည်အား တရားစွဲဆို ထိန်းသိမ်းထားသည့်
သတင်းနှင့် ပတ်သက်ပြီး မြန်မာ ပြည်သား အများစုမှာ ပြည်ပ ရေဒီယိုအသံလွှင့်
သတင်းများကို စိတ်ဝင်တစား စောင့်မျှော် နားထောင် နေကြကြောင်း
ရန်ကုန်မြို့ရှိ သတင်းထောက်များက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား သူ၏ နေအိမ်အတွင်းသို့ ယခုလဆန်းပိုင်းက
အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော ရေကူးဝင်ရောက်ခဲ့မူနှင့်
ပတ်သက်ပြီး မေလ ၁၄ ရက်နေ့တွင် အာဏာပိုင်များက ပုဒ်မ ၂၂/၁၀၉ ဖြင့်
တရားစွဲဆို၍ အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသည့် သတင်းနှင့်
ပတ်သက်ပြီး လူအများက စိတ်ဝင် စား နေကြခြင်းဖြစ်သည်။
Source: Irrawaddy Burmese Online
Read more: http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1069:2009-05-15-12-17-17&catid=1:news&Itemid=2
No comments:
Post a Comment