Thursday, May 7, 2009

မြန်မာကလေးများ လုံခြုံရေးကောင်စီအကာကွယ်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေတောင်းဆို

VOA

မြန်မာနိုင်ငံက သောင်းနဲ့ချီတဲ့ ကလေးငယ်တွေ ကလေးစစ်သား အဖြစ်
စုဆောင်းခံနေရတဲ့ ကိစ္စကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ
အလျင်အမြန် အရေးယူ ဖြေရှင်းပေးဖို့ အမေရိကန် အခြေစိုက် ကလေး
စစ်သားနဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်
တဲ့ လူ့အခွင့်အရေး အဖွဲ့တခုက တောင်းဆိုလိုက်ပါတယ်။ အဲဒီအဖွဲ့က
မြန်မာပြည်တွင်း ကလေးစစ်သားတွေနဲ့ ပတ်သက်ပြီး “NO MORE DENIAL”
“မငြင်းကြနဲ့တော့”လို့ ဆိုထားတဲ့ စာမျက်နှာ ၇၇ မျက်နှာ ပါ အစီရင်ခံစာသစ်
ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဗုဒ္ဓဟူးနေ့မှာလည်း နယူးယောက်
ကုလသမဂ္ဂ ရုံးချုပ်မှာ သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။
အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

Read more: http://www.voanews.com/burmese/2009-05-07-voa1.cfm

No comments: