Friday, April 24, 2009

ဖောက်ထွက်ရန် ကြိုးစားမည့် အန်အယ်ဒီ စုံညီ အစည်းအဝေးလား


အင်တာဗျူး
ကိုဝိုင်း


ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များ၊ တိုင်းနှင့် ပြည်နယ်မှ အလုပ်အမှုဆောင် ကိုယ်စား
လှယ်များ၊ ဗဟိုလူငယ်၊ အမျိုးသမီးများနှင့် ဗဟိုအလုပ်အမှုဆောင်များ
အကြား စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည် စုံညီအစည်းအဝေးကြီးကို
မကြာမီ ရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ အန်အယ်ဒီ ဌာနချုပ်၌ ကျင်းပ
တော့မည်ဖြစ်သည်။

တိုင်းပြည်၏ အသက်သွေးကြော ဖြစ်ကာ၊ နိုင်ငံသူ နိုင်ငံသားများ
အားလုံး၏ အနာဂတ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အကျပ်
အတည်းကာလ ဖြစ်ပေါ်နေချိန်တွင် ကျင်းပမည့် ၉ဝ ခုနှစ် ရွေးကောက်ပွဲ
အနိုင်ရ ပါတီကြီး၏ စုံညီအစည်းအဝေး ပေါ်ထွက်လာခြင်း ဖြစ်သည်။

လွတ်လပ်မျှတသည်ဟု အသိမှတ်ပြု ခံထားရသော ၁၉၉ဝ ရွေးကောက်ပွဲ
ရလဒ်ကို အုပ်ချုပ်သူ စစ်အစိုးရများက အသိအမှတ် မပြုသည်သာမက
ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်တရပ်ကို စိတ်တိုင်းကျ ပုဂ္ဂိုလ်များဖြင့်
ပြီးခဲ့သည့်နှစ် မေလအတွင်း အလျင်အမြန် ရေးဆွဲခဲ့သည်။

အန်အယ်ဒီက ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို ပြန်လည် သုံးသပ်ရန်
စစ်အစိုးရသို့ လွန်ခဲ့သည့် ၆ လကျော်ကတည်းက တောင်းဆိုခဲ့သော်လည်း
လျစ်လျူရှုခံထားရသည်။

ထို့အပြင် ၂ဝ၁ဝ ခုနှစ်အတွင်း ကျင်းပမည်ဆိုသည့် အထွေထွေ
ရွေးကောက်ပွဲဆီ မြန်မာစစ်အစိုးရက ဦးတည်လျှောက်လှမ်းနေချိန်တွင်
ကျင်းပမည့် အစည်းအဝေးကြီး ဖြစ်သဖြင့် အာဏာပိုင်များသာမက
အတိုက်အခံ အင်အားစုများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား
အထူးပင် စိတ်ဝင်တစား စောင့်ကြည့်သွားမည့် စုဝေးမှုတခုဟုလည်း
ဆိုနိုင်သည်။

ထို့ကြောင့်လည်း ဤအစည်းအဝေးသည် ပါတီအဖွဲ့ဝင်များ၏
အနာဂတ်အတွက်သာမက တိုင်းပြည်၏ အနာဂတ်အတွက်ပါ
အရေးကြီးသည်ဟုပင် ပြောဆိုနိုင်ဖွယ် ရှိနေသည်။

ယခုလ ၂၈-၂၉ ရက်နေ့များတွင် ကျင်းပမည့် အစည်းအဝေးနှင့်
ပတ်သက်၍ သဘောထားအမြင်နှင့် အချက်အလက် တချို့ကို
သိရှိနိုင်ရန် မဇ္ဈိသတင်းထောက် ကိုဝိုင်းက ပါတီတာဝန်ရှိသူ
တချို့နှင့် နိုင်ငံရေး အကျဉ်းသားတဦး၏ မိခင်ထံ ဆက်သွယ်
မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

Source: Mizzima News
Photo: NLD Youth filed photo

No comments: