Thursday, April 16, 2009

ဒေါ်စုလွတ်ရေး ကုလအတွင်းရေးမှုးချုပ် အမေရိကန် အမတ်များနှင့် ရပ်တည်


15 April 2009


အမေရိကန် အထက်လွှတ်တော် အမျိုးသမီး အမတ် ၁၀ ယောက်ထံက
မြန်မာ စစ်အစိုးရအပေါ် တိုးပြီး ဖိအား ပေးဖို့တိုက်တွန်းတဲ့ စာတစောင်
ရရှိတယ်လို့ ကုလသမဂ္ဂ မစ္စတာ ဘန်ကီမွန်းက ဆိုပါတယ်။

မြန်မာပြည်မှာ နေအိမ် အကျယ်ချုပ် အကျခံနေရတဲ့ အတိုက်အခံ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမေရိကန် အထက်
လွှတ်တော် အမတ်များ နည်းတူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း
စိုးရိမ် ပူပန်ပါကြောင်း မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ရေးနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်ရေး ဘန်ကီမွန်းက
ဆက်လက် ဖိအား ပေးသွားမယ်လို့ ကုသလမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရ
ပုဂ္ဂိုလ် က ဗုဒ္ဓဟူးနေ့က ပြောသွားပါတယ်။

မြန်မာ နိုင်ငံမှာ ရှေ့နှစ် ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲ ပယ်ဖြတ်ရေး
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားတဲ့
စာစောင်ကို အမျိုးသမီး လွှတ်တော် အမတ် ၁၀ယောက်ရေးသား ပေးပို့ခဲ့ခြင်း
ဖြစ်ပြီး၊ မြန်မာ နိုင်ငံမှာ စစ်ပွဲ အကြောင်းပြု မုဒိန်းကျင့်နေတာတွေ ပပျောက်ရေး
လိုအပ်ကြောင်းကိုလည်း မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အမျိုးသမီး အထက်
လွှတ်တော်အမတ်များ အဖွဲ့ရဲ့ စာမှာ ထောက်ပြထားပါတယ်။

အနောက်တိုင်း ခေါင်းဆောင်များက စစ်အစိုးရရဲ့ ဖွဲ့စည်းပုံသစ်ကို ရှုတ်ချထားပြီး
ရှေ့နှစ် ရွေးကောက်ပွဲဆိုတာကလည်း စစ်တပ် အာဏာ ဆုပ်ကိုင်ထားရေး လုပ်
ကိုင်ထားတဲ့ ရွေးကောက်ပွဲ အတုကြီးလို့ ဆိုပါတယ်။

Source: VOA

No comments: