Wednesday, April 1, 2009

နာဂစ်မုန်တိုင်းဒါဏ်ခံခဲ့ ရသော လယ်သမားများကိုစားတင်ပြပါရစေ

သို့ 

နိုင်ငံတော်အကြီးအကဲများခင်ဗျား
နာဂစ်မုန်တိုင်းဒါဏ်ခံခဲ့ ရသော လယ်သမားများကိုစားတင်ပြပါရစေ

လယ်ယာစိုက်ဘဏ်မှာလယ်သမားများကိုအတိုးနှုန်းသုံးကျပ်ပြားငါးဆယ်
နှုန်းဖြင့်ငွေချေးလာရာနှစ်ပေါင်းငါးဆယ်ကျော်ခဲ့ပါပြီ နှစ်စဉ်ငွေပြန်ဆပ်ချိန်
တွင်ဘဏ်တိုးအပြင်လယ်သမားများခြွေတာစုဆောင်းငွေကို ချေးငွေ၏
၅%ဖြင့်ဖြတ်တောက်စုဆောင်းခဲ့ သည်မှာလဲ နှစ် ပေါင်း ငါးဆယ် ကျော်ခဲ့ 
ပါပြီ ၄င်းစုဆောင်းငွေများကို တရားဝင်ပြန်လည်ထုတ်ပေးခြင်း၊စာရင်း
ထုတ်ပြန်ခြင်းမရှိခဲ့ ပါ၊



ထို့ အပြင် လယ်သမားနာမည်အပြောင်းအလဲကြောင့်၎င်းဘဏ်စာအုပ်
ပျောက်ဆုံး၍သော်၎င်း စာရွက်ကုန်၍အသစ်ပြန်လုပ်၍သော်၎င်း ဘဏ်
စာအုပ် အသစ်လဲတိုင်းယခင် စုဆောင်းငွေများကိုဆက်လက်မထည့်ပေးဘဲ
ဘဏ်စာအုပ်အသစ်တွင်စုဆောင်းငွေ ငါးဆယ်ကျပ် သာရေးသွင်းပေးပါသည်။ ယခင်စုဆောင်းငွေများပျောက်ဆုံးကုန်ပါသည်။ဘဏ်စာအုပ် အသစ်တွင် မပါ
လာတော့ပါ။

စုဆောင်းငွေများဘယ်ရောက်ကုန် သလဲ ဘာလုပ်သလဲ လယ်သမားများကို
တရားဝင်စာရင်းရှင်းတမ်းများဖြင့်တခါမှ ရှင်းလင်းမပြပါ။
ဘဏ်နှင့်နီးစပ်သောလယ်သမားများသာ လယ်ယာသုံးစက်များကိုအကြွေးစံနစ်
ဖြင့်ဝယ်ခြင်း ခိုင်းကျွဲ နွား အကြွေးဝယ်ခြင်းကိုဘဏ်စုငွေဖြင့်လက်လှဲ့ သင့်သလို
လဒ်ပေးလဒ်ယူ စနစ်ဖြင့်ကျင့် သုံးနေပါသည်။
ဘဏ်ဝန်ထမ်းများအနေနှင့်အနေဝေးပြီး လဒ်ပေးလဒ်ယူ မလုပ်နိုင်သော
လယ်သမား၉၀ %မှာမိမိတို့ ၏စုငွေကိုမည်သည့်အခါမှထုတ်ယူရရှိခြင်းမရှိပါ။
ယခုလို နာဂစ်မုန်တိုင်းဒဏ်နှင့်ကမ္ဘာ့ စီးပွါးပျက်ကပ်ကြီးကြောင့်အတိဒုက္ခရောက်
နေကြသောလယ်သမားအများစုအား တဦးချင်းစုဆောင်းငွေစာရင်းများတရားဝင်
မထုတ်ပြန်ခြင်း စုဆောင်းငွေများတရားဝင်ပြန်လည်ထုတ်ပေးခြင်းများကို ပြုလုပ်
ပေးပါက အတိဒုက္ခရောက်နေကြသောလယ်သမားများဝမ်းမြောက်ဝမ်းသာဖြစ်
ကြမည်မှာအမှန်ဖြစ်ပါသည်။

ထို့ ကြောင့်နိုင်ငံတော်၏အဓိကစီးပွါးရေး၏သွေးကြောသဖွယ်ဖြစ်နေသော
လယ်သမားများ၏ကိုယ်ပိုင်ငွေများကိုယခုအချိန်ထိ တရားဝင်မလုပ်ပေးသေးသော
ဘဏ်အကြီးအကဲများကိုနိုင်ငံတော်အကြီးအကဲ များမှထိရောက်စွာတိုက်တွန်း
တာဝန်ပေးပါရင်တင်ပြအပ်ပါသည်။

No comments: