Friday, March 6, 2009

ဆူဒန်သမ္မတ ဖမ်းဝရမ်း တရုတ်ဆန့်ကျင်

05 March 2009

ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာခုံရုံးကနေ ဆူဒန်သမ္မတအပေါ် ဖမ်းဝရမ်းထုတ်
တာကို တရုတ်နိုင်ငံက ကန့်ကွက်လိုက်ပြီး၊ ဒီလို လုပ်တာကြောင့် စစ်ဘေးစစ်
ဒဏ်ခံနေရတဲ့ဆူဒန်နိုင်ငံရဲ့အခြေအနေ တည်ငြိမ်ဖို့ အထောက်အကူ ဖြစ်စေမှာ
မဟုတ်ဘူးလို့ ပြော လိုက်ပါတယ်။ ဗွီအိုအေသတင်းထောက် Alison Klay
တရုတ်နိုင်ငံ ဘေဂျင်းမြို့ကနေ သတင်း ရေးသား ပါတယ်။

ဆူဒန်သမ္မတ အိုမာ အယ်လ် ဘရှားကို အပြည်ပြည်ဆိုင်ရာရာဇ၀တ်မှုခုံရုံးက
နေဖမ်းဝရမ်းထုတ်လိုက် တာဟာ ၀မ်းနည်းဖို့ ကောင်းတယ်လို့ တရုတ်နိုင်ငံက
ထုတ်ဖော်ပြောဆိုပါတယ်။

ဒီ စီရင်ချက်ဟာ ဒါဖောဒေသ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုအတွက် အထောက်
အကူဖြစ်စေ တယ်ဆိုတာ တရုတ်နိုင်ငံအနေနဲ့ မယုံကြည်တဲ့အကြောင်း တရုတ်
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ချင်ဂန်းက သတင်းထောက်တွေကို ဒီကနေ့
ပြောဆို လိုက်တာပါ။

Source: VOA