
24 March 2009
မြန်မာနိုင်ငံသားတွေ အများစုနေထိုင်တဲ့ အမေရိကန်ပြည်ထောင်စု
အင်ဒီးယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့က မြန်မာ ကလေးငယ်တွေ
စားသုံးလေ့ရှိတဲ့ မြန်မာနိုင်ငံထုတ် အစာကြေဆေးနှစ်မျိုးမှာ ခဲနဲ့
အာဆင်းနစ် အဆိပ်သင့်တာတွေ စမ်းသပ်တွေ့နေရတဲ့အတွက်
မစားဘဲ ရှောင်ဖို့ ဖို့ဒ်ဝိန်းမြို့ ကျန်းမာရေးစောင့်ရှောက်မှုအသင်း
တွေက သတိပေးထား ပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦး
က တင်ပြပေးထားပါတယ်။
ဒေါ်တွေ ဂေါမုတ္တဆေးနဲ့ ဒေါ်ကျင် သူငယ်နာ ၀မ်းနုတ်ဆေးတွေမှာ
အဆိပ်သင့်တာ တွေ တွေ့နေရတယ်ဆိုပြီး အင်ဒီးယားနားပြည်နယ်
ဖို့ဒ်ဝိန်းမြို့မှာရှိတဲ့ St. Joseph Community ကျန်းမာရေးစောင့်ရှောက်
မှုအသင်းက သတိပေးထားပါတယ်။ ဒီအဖွဲ့ရဲ့ အထူးစီမံချက် မန်နေဂျာ
တဦးဖြစ်တဲ့ လောရင်း ဟက်ဂါတီ (Loaine Hagerty) က ဗွီအိုအေကို
ရှင်းပြပါတယ်။
Source: VOA
No comments:
Post a Comment