13 March 2009
၂၁ နှစ်မြောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့မှာပဲ မြန်မာပြည်တွင်း
အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်
ရေးအတွက် နိုင်ငံတကာအလိုက်သဘောတူလက်မှတ်စုဆောင်းပြီး
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း(Mr. Ban Ki-moon)
ထံ ပေးပို့တိုက်တွန်းတဲ့ လှုပ်ရှားမှုတခုကို ထိုင်းနိုင်ငံအခြေစိုက်AAPP
ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း
(မြန်မာနိုင်ငံ) နဲ့FDB ခေါ် မြန်မာ့ဒီမိုကရေစီအင်အားစုတို့က ဒီနေ့
စတင်လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
မေလ ၂၄ ရက်မတိုင်ခင် လက်မှတ်ပေါင်း ၈၈၈,၈၈၈ စုဆောင်းဖို့
ရည်မှန်းထားတယ်လို့ဆိုပါတယ်။ အဲဒီနေ့ဟာဒေါ်အောင်ဆန်းစုကြည်
နေအိမ်အကျယ်ချုပ်ကလွတ်မြောက်ရမယ့်နေ့လည်း ဖြစ်ပါတယ်။
Resource: VOA
No comments:
Post a Comment