သို့
ဦးသုဝေ ဥက္ကဌ UDP
ဦးရဲထွန်း ဒုဥက္ကဌ UDP ခင်ဗျား
၂၀၀၉ခု ဖေဖေါ်ဝါရီလ ၄ရက်နှင့် ၅ရက်နေ့ထုတ် Vancouver Sunသတင်းစာပါ သတင်းများကို ပေးပို့လိုက်ပါသည်။
တစ်သက်လုံး လုပ်ခဲ့သမျှ သံပုရာတစ်ချမ်းနဲ့ ချေလိုက်သလို မဖြစ်ရလေအောင် သေသေသေချာချာ ဖတ်ရှုပါရန် မေတ္တာရပ်ခံပါသည်။
U Aung Tin
သတင်းရဲ့ အနှစ်ချုပ်ကတော့ ဒေါ်လာ ၅၀ ရင်းပြီး ကုမ္ပဏီရှယ်ယာကို ၅သန်းခွဲစိတ်ကာ ရှယ်ယာတစ်ခုကို ၀.၀၀၀၀၁ဆင့်နဲ့ တန်ဖိုးသတ်မှတ်လိုက်တော့ ရှယ်ယာ ၅သန်းရဲ့တန်ဖိုးက ဒေါ်လာ ၅၀ဘဲဖြစ်ပါတယ်။ အဲဒီ အနှစ်မရှိတဲ့ ဗလာရှယ်ယာ ၅သန်းကို အရင်းပြုပြီး ဘာဆို ဘာမှမရှိတဲ့ ကုမ္ပဏီကြီးကို လေနဲ့ စာရွက်ပေါ်မှာ တည်ဆောက်လိုက်ပါတယ်။ ၀.၀၀၀၀၁ဆင့် တန်တဲ့ရှယ်ယာတွေကို ဘိုးဘိုးအောင်တန်ခိုးနဲ့ ရှယ်ယာတစ်ခုကို ဒေါ်လာ ၂၈.၅၀သတ်မှတ်လိုက်ပြီး ဟိုနဲနဲ ဒီနဲနဲ ဂဏန်းတွေနဲ့ ကစားလိုက်တော့ ဒေါ်လာ တစ်ဘီလျှံကျော်တန်တဲ့ ဧရာမ မဟာကုမ္ပဏီကြီးဖြစ်သွားပါလေရဲ့။
အဲဒီထဲက ရှယ်ယာ ၅၂၃၆၀၀ကို ရှယ်ယာတစ်ခုလျင် ၂၀ဆင့်နှုံးနဲ့ ရောင်းချခဲ့သေးတယ်လို့ သတင်းစာက ဆိုပါတယ်။ တစ်ကယ့် မူရင်းတန်ဖိုး အနေနဲ့ ရှယ်ယာတစ်ခုကို ၀.၀၀၀၀၁နှင့်တွက်ရင် ၅ဒေါ်လာကျော်သာတန်တဲ့ ရှယ်ယာတွေကို ၂၀ဆင့်နှုံးနဲ့တွက်ပြီး ၀ယ်သူက ဒေါ်လာ ၁၀၄၇၂၀ ပေးလိုက်ရပါတယ်။ ၀ယ်မိသူတွေဟာ မြန်မာပြည်သားတွေ မဖြစ်ပါစေနဲ့လို့တော့ ဆုတောင်းမိပါတယ်။
၎င်းဧရာမကုမ္ပဏီကြီးကို အခုတော့ US SECURITY AND EXCHANGE COMMISSION ကရပ်ဆိုင်းလိုက်ပါပြီ။ ဥပဒေရေးရာ စုံစမ်းအရေးယူမှုတွေ ဆက်တိုက်လာပါလိမ့်မယ်။
ဒီအမှုအခင်းကြီးတစ်ခုလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူကတော့ UDPရဲ့ အမှုဆောင် ဒုဥက္ကဌကြီး Michael Hua Hu ခေါ် ဦးကျော်မြင့်ဖြစ်တယ်လို့ သတင်းစာက (ကျနော်မဟုတ်ပါ) ဆိုပါတယ်ခင်ဗျား။
အောင်တင်
မှတ်ချက်။ ။ ကျနော့အနေနဲ့ ဦးကျော်မြင့်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်နေခြင်းမဟုတ်ပါ။ ဦးကျော်မြင့်ကို ဆန့်ကျင်ရင် အန္တရာယ်ရှိသည်ဟု မိတ်ဆွေတစ်ဦးက သတိပေးထားသော်လည်း တိုင်းပြည်မျက်နှာကြည့်ပြီး မဖြစ်သင့်တာ မဖြစ်ရအောင် စေတနာမှန်နှင့် တင်ပြခြင်းသာဖြစ်ပါသည်။
Remarks: Reprint from U Aung Tin's email