Wednesday, October 1, 2008


လျှာရိုးမရှိတဲ့ ဥာဏ်ဝင်းတယောက် ခွေးတကောင်လို ဟောင်နေပြန်ပြီ

-မြတ်စိုး-

လျှာရိုးမရှိတဲ့ ဥာဏ်ဝင်း ကုလသမဂ္ဂမှာ နိုင်ငံတကာဥပဒေတွေအကြောင်းပြောနေပြန်ပြီ။ သြော်တော်တော် လည်း စိတ်ပျက်စရာကောင်းတဲ့ လက်နက်အားကိုး န၀တစစ်ခွေးတွေဘဲ။...."ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက်ဆိုသလို " ပါဘဲ။.......အတွေးခေါ်ပညာရှင် ဆိုကရေတီ ပြောခဲ့တဲ့စကားတခုကိုသွားသတိရမိတယ်။ ငါ့ခွေးကစားတာတော်တယ်..ဘာဖြစ်လို့လည်းဆိုတော့ ငါ့ခွေးဖြစ်နေလို့ဘဲ ( My dog is playing good because of my dog) ဆိုတဲ့ ဥပမာတခုလို၊ ယုဓိဗေဒမရှိ၊ အကျင့်သိက္ခာမရှိ၊ လူ့ကျင့်ဝတ်နှင့် မညီတဲ့ စကားလို ၊ ငါဟောင်တာ ကောင်းတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ငါ့ခွေးဖြစ်နေလို့ဘဲဆိုပြီး၊ ခွေးတကောင်လို သခင်အတွက် ကုလသမဂ္ဂမှာ ဟောင်ပြနေတာပါ။ အဟောင်ကောင်း တဲ့ ခွေးကလေးပေါ့။

* ရွှေးကောက်ပွဲပြုလုပ်ခဲ့ပြီး၊ အသိအမှတ်မပြု ခဲ့တာက နိုင်ငံတကာဥပဒေတွေကိုလိုက်နာခဲ့တယ်လို့ ထင်ပါသလား။ နိုင်ငံတကာမှာ ကျင့်ဝတ်သိက္ခာနဲ့ ကောကိုက်ညီခြင်း ရှိပါသလား၊

* ဥပဒေမဲ့တရားမ၀င် ထောင်အကျည်းချ နေတာကော နိုင်ငံတကာဥပဒေတွေကိုလိုက်နာနေပါသလား။ လူ့ကျင့်ဝတ်သိက္ခာနဲ့ ကောကိုက်ညီခြင်း ရှိပါသလား၊

* ကုလသမဂ္ဂကချမှတ်ထားတဲ့ လူအခွင့်အရေးစည်းမျဉ်းနှင့် ကျေညာစာတမ်းကို လက်မှတ်ထိုးခဲ့ပြီးတော့ လိုက်နာမှုမပြုခဲ့တာတွေဟာ နိုင်ငံတကာဥပဒေတွေကိုလိုက်နာခဲ့တယ်လို့ထင်ပါသလား။

* အတင်းအဓ္ဓမ ကလေးစစ်သား စုစောင်းနေမှုကကော နိုင်ငံတကာဥပဒေတွေကိုလိုက်နာခဲ့သလား။လူ့ ကျင့်ဝတ်သိက္ခာနဲ့ ကောကိုက်ညီခြင်း ရှိပါသလား၊

* လူသားချင်းမစာနာဘဲ၊ လက်နက်ကိုင် လက်ကိုင်ဒုတ်တွေ အသုံးပြုပြီး ရာဇ၀တ်မှုပေါင်းများစွာ ကျူးလွန်ခဲ့တာကော နိုင်ငံတကာဥပဒေတွေကိုလိုက်နာခဲ့သလား။ နိုင်ငံတကာမှာ ကျင့်ဝတ်သိက္ခာနဲ့ ကောကိုက်ညီခြင်းရှိပါသလား၊

* သတင်းလွတ်လပ်ခွင့်မပေးဘဲ၊ အတိုက်အခံ ခေါင်းဆောင်တွေကို ဥပဒေမဲ့ တရားမ၀င် ထောင်အကျည်းချ နေတာကော နိုင်ငံတကာဥပဒေတွေကိုလိုက်နာခဲ့သလား။နိုင်ငံတကာမှာ ကျင့်ဝတ်သိက္ခာနဲ့ ကောကိုက်ညီခြင်းရှိပါသလား၊

* အရိုက်ခံရပြီး၊ အဖမ်းခံနေရတဲ့ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တွေအပေါ် ပြုမှုနေတာဟာ တရားဥပဒေကိုလေးစားလိုက်နာခဲ့ပါသလား၊နိုင်ငံတကာတရားစီရင်ထုံးတမ်းဥပဒေတွေကိုလိုက်နာခဲ့သလား၊

* ဖွဲ့စည်းပုံမရှိဘဲ အနှစ် ၂၀ ကျော်တရားမ၀င်အုပ်ချုပ်ခဲ့တာဟာ နိုင်ငံတကာဥပဒေတွေ၊တရားဥပဒေတွေကို လေးစားလိုက်နာပါသလား။နိုင်ငံတကာမှာ ကျင့်ဝတ်သိက္ခာနဲ့ ကောကိုက်ညီခြင်းရှိပါသလား၊

စတာ စတာတွေကို လျှာရိုးမရှိတဲ့ န၀တလက်ကိုင်ဒုတ်စစ်ခွေး ဥာဏ်ဝင်း တယောက် သူ့သခင်ကြီး မောင်သန်းရွှေနှင့် မောင်အေး တို့ သွားရာလမ်းကောင်းဘို့အတွက် အစဉ်အလာအတိုင်း ကုလသမဂ္ဂမှာ ခွေးတကောင်လို ဟောင်နေချင်းသာဖြစ်ပါတယ်။

ကိုယ့်မှန်ကိုယ် ကြည့်ပြီး ငါပါ လို့မပြောရဲဘဲ လိမ်လည်မှုတွေကိုပြုရင်း အမတန်မှ အရှက်မရှိ၊အကျင့်သိက္ခာမရှိ၊ လူ့ကျင့်ဝတ်နှင့် မညီတဲ့ စကားတွေပြောဆိုနေတာပါ။ ခွေးလွေခွေးလင့်တကောင် သခင်တစ္ဆေသရဲတွေအတွက် ကြောက်ကန်ကန် ဟောင်နေတယ်လို့ဘဲ သဘောထားပါ။ လျှာရိုးမရှိတဲ့ ဥာဏ်ဝင်းတယောက် ငယ်ငယ်က မွေးဖွားစဉ် သားဖွားဆရာမက ချက်ကြိုး နှင့် ရှက်ကြိုးမှားဖြတ်ခံခဲ့ရလို့ပါ။